Friday, March 19, 2010

ချင်းတိုင်းရင်းများအဖွဲ့အစည်း(ဂျပန်)၏ လပတ်အစည်းအဝေးဖိတ်ကြားခြင်း

ချင်းတိုင်းရင်းများ အဖွဲ့အစည်း(ဂျပန်)၏ မတ်လအစည်းအဝေးကို အောက်ပါ
အစီစဉ် အတိုင်းကျင်းပပြုလုပ်မည် ဖြစ်ပါ၍ အဖွဲ့ဝင်များအားလုံး တက်ရောက်
ကြပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ မပျက်မကွက် တက်ရောက်
ကြပါရန် နှိုးဆော်အပ်ပါသည်။

အစီအစဉ်
နေရာ - Burma Concern ECJ Office(Okachimachi Station)
အချိန် - 10း00 am to 12း00 noon
နေ့ရက် - 21.3.2010 (Sunday)

ဆွေးနွေးမည့်ခေါင်းစဉ်

(၁) လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးသုံးသပ်ခြင်း။
(၂) ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ဆန့်ကျင်ကန့်ကွက်ခြင်း။
(၃) UNA ၏ရွေးကောက်ပွဲဆိုင်ရာ သဘောထားကြေငြာချက်အားထောက်ခံ ကျင်းပရန်။
(၄) ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုကိုဝိုင်းဝန်းပံ့ပိုးရန်အစီအစဉ်။
(၅) အထွေထွေကိစ္စများ
18th March 2010

၂၀၁၀ ခုနှစ် (၁၉) ကြိမ်မြောက် မြန်မာ့မိသားစု အတာသင်္ကြန်ပွဲတော် ဖိတ်ကြားလွှာ

၂၀၁၀ ခုနှစ် (၁၉) ကြိမ်မြောက် မြန်မာ့မိသားစု အတာသင်္ကြန်ပွဲတော်

၂၀၁၀ ခုနှစ် (၁၉) ကြိမ်မြောက် မြန်မာ့မိသားစု အတာသင်္ကြန်ပွဲတော်ကို
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍
ဂျပန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများဝိုင်းဝန်းပူးပေါင်း ပါဝင်ပေးကြပါရန်
အသိပေးနှိုးဆော်အပ်ပါသည်။

နေရာ ။ ။ INOKASHIRA ပန်းခြံ ၊ တိုကျို
နေ့ရက် ။ ။ ၁၁ ရက်နေ့၊ ဧပြီလ၊ ၂၀၁၀
အချိန် ။ ။ မနက် ၁၀း၃၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ
လမ်းညွှန်။ ။ChuuOo Sen ၊ Kijijoji Eki (ချူးအိုးလိုင်း ၊ ခိဂျိဂျောဂျိ ဘူတာ)
ဘူတာမှ ၁၀ မိနစ် လမ်းလျှောက်ရမည်။
တိုကျိုသင်္ကြန်ဖိတ်ကြားလွှာ

Wednesday, March 17, 2010

Tuesday, March 16, 2010

ကဗျာကဝိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၏ ဂုဏ်ပြုမွေးနေ့ကဗျာရွက်ပွဲ

ကဗျာချစ်သူများရဲ့ ကဗျာကဝိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
၏ ဂုဏ်ပြုမွေးနေ့ပွဲ နှင့်အတူ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်
ကဗျာရွက်ပွဲကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍
ဂျပန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများ ဝိုင်းဝန်းပူးပေါင်းပါဝင်
ကြဖို့ နှိုးဆော်အပ်ပါသည်။

နေ့ရက်။ ။ ၂၂ ရက်၊ မတ်လ၊ ၂၀၀၁(တနလာင်္နေ့)
အချိန် ။ ။ ညနေ ၆း၀၀ မှ ည ၉း၃၀
နေရာ ။ ။ Conzuma Center, 4F , Takadanobaba
( ရီဆိုင်ကယ်လ် စင်တာ အနောက်ဖက်)
Invitation Letter

Friday, March 12, 2010

Burma Human Right Day-13 March 2010

ဂျပန်နိုင်ငံရောက် မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သော
မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ ကို
အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ ဂျပန်နိုင်ငံရောက် ချင်းလူမျိုးများ
ပူးပေါင်းဆောင်ရွက် ပေးကြပါရန် လှုံ့ဆော်အပ်ပါသည်။

နေ့ရက်။ ။၂၀၀၁ ခုနှစ်၊ မတ်လ ၁၃ ရက်၊ စနေနေ့။
အချိန်။ ။ နေ့လည် ၁ နာရီ စုရပ်၊ နေ့လည် ၂ နာရီ အခမ်းအနား စတင်၍
(၃)နာရီတွင် စတင်ချီတက်မည်။
နေရာ။ ။Ebisu ပန်ခြံ၊ Ebisu ဘူတာအနီး


Burma Human Right Day-13 March 2010
CNC-JAPAN INFO © 2008 Template by:
SkinCorner