Friday, April 16, 2010

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် မိတ်ဆွေများသို့ ဖိတ်ကြားလွှာ

သို့

ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် မိတ်ဆွေများ

မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှု (War Crime) နှင့် လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crime against Humanity) များကို “ပြည်သူ့ခုံရုံး”မှ ကြားနာစစ်ဆေးမည့် အစီအစဉ်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ပြီးခဲ့သော ၄-၄-၂ဝ၁ဝ နေ့က ကျင်းပရာ ဆွေးနွေးပွဲ တက်ရောက်လာသူတို့က လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းရေးကို သဘောတူ ဆုံးဖြတ်ခဲ့ကြ ပါသည်။ သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရှိ ဒီမိုကရေစီလိုလားသော မြန်မာအသိုင်းအဝိုင်းမှ တက်ကြွလှုပ်ရှားသူများအနေဖြင့် ကော်မတီ ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

နေ့ရက် - ၁၈-၄-၂ဝ၁ဝ (တနင်္ဂနွေနေ့)

အချိန် - ညနေ ၆ နာရီမှ ည ၉ နာရီထိ

နေရာ - Minami Otsuka Hall, Otuska, Tokyo, Japan

ဆက်သွယ်ရန် -

ဒေါ်ချိုချိုအေး - ဝ၈ဝ-၆၇၈၇-ဝ၉၅၉

မနီလာဦး - ဝ၃-၃၉၁၆-၇၂၇၃

မခင်ချိုသင်း - ဝ၈ဝ-၆၇၁၄-၂၇၁၂


Invitation

Thursday, April 15, 2010

မြန်မာစစ်အစိုးရ၏ မတရားသည့်ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအား ချီတက်ကန့်ကွတ် ဆန္ဒပြပွဲ

ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားများအားလုံး မတရားသည့်
ရွေးကောက်ပွဲ ဥပဒေနှင့် ရွေးကောက်ပွဲအား သွေးစည်း ညီညွတ်စွာဖြင့်
ပူးပေါင်းချီတက် ကန့်ကွက်ဆန္ဒပြကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ချီတက်မည့်အစီအစဉ်

နေ့ရက် ။ ။ ၂၂ . ၄ . ၂၀၁၀ ( ကြာသပတေးနေ့ )
အချိန် ။ ။ နေ့လည် ၂ နာရီ တိတိတွင် စု၍ ၃ နာရီ တိတိ တွင်ထွက်ခွာမည်။
နေရာ ။ ။ MINAMI GOTANDA ပန်းခြံ

ချီတက်ဆန္ဒပြပွဲ ဖိတ်ကြားလွှာ

Friday, March 26, 2010

နအဖ ၏ ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ရှုတ်ခြင်းအခမ်းအနား ဖိတ်ကြားခြင်း။

နအဖ၏ စစ်အာဏာတည်မြဲပြီး တိုင်းပြည်ကို ရာသက်ပန် စစ်ကျွန်ပြုစေမည့် ၂၀၀၈ အခြေခံဥပဒေ
ကို အတည်ဖြစ်စေမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပြည်သူအများလိုလားသော ဒီမိုကရေစီလမ်းကြောင်း
အား ဆန့်ကျင်ရေးဆွဲထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာ
ဥပဒေ (၅) ရပ်နှင့် နည်းဥပဒေများအား ဆန့်ကျင်ကန့်ကွက်ခြင်း အခမ်းအနားတရပ်အား ညီညွတ်သော
တိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) AUN-Japan မှ ကြီးမှူးကျင်းပမည်ဖြစ်ပါသောကြောင့် ဂျပန်နိုင်ငံ
ရောက် ပြည်ထောင်စုဘွား တိုင်းရင်းသားများအားလုံး တက်ရောက်ပါဝင်ပေးကြပါရန် လေးစားစွာဖြင့်
ဖိတ်ကြားအပ်ပါသည်။


နေ့ရက် - ၂၈ ရက် မတ်လ ၂၀၁၀
အချိန် - ၁၈း၀၀ နာရီမှ ၂၁း၀၀ နာရီအထိ
နေရာ - Minami Otsuka Hall , Dai (1) , Otsuka
Aun 024 2010 Election

ဂျပန်စာသင်ကြားခြင်းအတွက် နှိုးဆော်သတိပေးခြင်း

လေးစားရပါသော AUN ခေါင်းဆောင်များနှင့်members များခင်ဗျား.

မတ်လ ၂၇(စနေနေ့) နှင့် ၂၈(တနင်္ဂနွေ)တွင် စာသင်ကြားခြင်းကိုပြန်လည်စတင်မည်ဖြစ်ပါသည်။
သင်တန်းသားအမည်စာရင်းနှင့်
လမ်းညွှန်မြေပုံကိုပူးတွဲပေးပို့လိုက်ပါသည်။တနင်္ဂနွေနေ့မနက် ၁၀နာရီ
သင်တန်းသားများမှ Hiragana and Katakana
သင်ကြားမည့်သူများသည် ရှင်ကျု့ကုသို့သွားရောက်ရမည်ဖြစ်ပါသည်။
သင်တန်းသားများအား JARမှတာဝန်ခံကရှင်ကျု့ကု အနောက်ဖက်ထွက်ပေါက်
တွင် ၉ နာရီ ၄၅ မိနစ် မှ ၉နာရီ ၅၅ အထိစောင့်ဆောင်းခေါ်ဆောင်သွားမည်ဖြစ်ပါ၍
၉ နာရီ ၄၅ မတိုင်မီ အရောက်သွားကြပါရန် သတိပေးအပ်ပါသည်။
JAR တာဝန်ခံဖုန်းနံပါတ်မှာ ၀၈၀-၆၁၈၅-၈၆၃၁ ဖြစ်ပါသည်။
သင်တန်းသားများအားလုံး သင်တန်းကြေးပါတပါတည်း ( ၇၀၀၀ ယန်း )ယူသွားကြပါရန်
နိုးဆော်အပ်ပါသည်။ မြေပုံတွင်သွားရောက်ရမည့်နေရာမှာ
ဘူတာအရှေ့ဖက်ရှိကျောင်းဖြစ်ပါသည်။ ( ကျောင်း ၂
ကျောင်းရှိသည်ကိုသတိပြုပါရန် )

လေးစားစွာဖြင့်
စိုင်းစီဝမ်း ( ၀၈၀-၂၀၄၈-၅၈၃၄ )
AUN Japanese Class List March 23,2010 ( Last )
map
CNC-JAPAN INFO © 2008 Template by:
SkinCorner