ဧည့်သည်
My Blog List
My Blog List
-
-
-
-
-
Pharmacy Discounts8 years ago
-
-
-
-
japan Tsunami Earth Quake15 years ago
-
-
-
-
-
-
-
နိုင်ငံရေးသီချင်းများ
Contact Us
About Us
Sunday, August 29, 2010
63rd Anniversary of Mon Revolution Day in Tokyo
63rd Anniversary of Mon Revolution Day in Tokyo was held by Punnya Kari Mon National Society -Japan (PMNS-Japan). Please visit Photo News by Lian Khan Sum.
http://picasaweb.google.com/t2sumleo/63rdMonRevolutionDay#5510697334832987138
Information Department
Chin National Community -Japan
Thursday, August 26, 2010
ဒေါ်စုမှ ဦးဥာဏ်ဝင်းသို့မှာကြားချက်
၁။ NLDမပါလို့ဘယ်သူ့ကိုမဲထည့်ရမလည်းဆိုရင် ကိုယ်ကြိုက်တဲ့ပါတီမပါရင်
မဲမထည့်ပဲနေပါ။
၂။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေနားမလည်တာကို
အခွင့်အရေးယူပြီး
လှည့်စားပြောနေတာတွေကို့ ကန့်ကွက်တယ်။
၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို
စိတ်မကောင်းကြောင်း။
၎။ ရွေးကောက်ပွဲ ရက်ကို အချိန်တိုလေ ကပ်ပြီးကြေငြာတာဟာ မကောင်းဘူး။
၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ဥပဒေတွေကို နားလည်းရမယ်
နားမလည်ပဲနဲ့မဲသွားထည့်ရင် ဘာမှအစိပါယ်မရှိဘူး။
၆။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ဆန့်ကျင်ပြီးမသာမာမှုတွေရှိရင်
ပြည်သူတွေအနေနဲ့ တရားစွဲရမယ် ရဲစခန်းကိုတိုင်ရမယ်။
၇။ ရွေးကောက်ပွဲနဲ့ပက်သက်ပြီး သတင်းရယူခွင့် ၊သတင်းထုပ်ပြန်ခွင့် မရှိဘူး
အဲ့ဒါကိုကန့်ကွက်တယ်။
၈။ ၂၀၀၈ ဖွဲ့စည်းပုံအရေ၏၂၀၁၀ရွေးကောက်ပွဲကိုလုပ်တယ် အဲ့ဒီကထွက်လာမယ့် သမတ
ကိုလွတ်တော်က
မလွမ်းမိုးနိုင်ဘူး သမတ ကပဲအားလုံးကိုလွမ်းမိုး
ချုပ်ကိုင်သွားမှာဖြစ်တယ်။
၉။ အခုထွက်နေတဲ့ဥပဒေတွေက တရားမျှတမှုမရှိဘူး အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင်
ဒါဟာမင်းမဲ့စရိုက်ပဲ။
စစ်အစိုးရ ကြေညာချက် နာဂ NLD ကန့်ကွက်
စစ်အစိုးရ ကြေညာချက် နာဂ NLD ကန့်ကွက်
ဇာနည်မာန် August 24 ဧရာဝတီ
စစ်အစိုးရ ထုတ်ပြန် ကြေညာခဲ့သော စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ မြို့နယ်ကို နာဂဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်ခြင်းနှင့် ပတ်သက်၍ နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကန့်ကွက် လိုက်သည်ဟု သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ရာတွင် နာဂလူမျိုးများ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်း ခြင်းမရှိဘဲ စစ်အစိုးရ လက်အောက်တွင် အကန့်အသတ်ဖြင့်သာ နေထိုင်ရမည် ဖြစ်သောကြောင့် ကန့်ကွက် ရခြင်းဖြစ်သည်ဟု နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောဆ က ဆိုသည်။
"သူတို့ခွဲတာမှာ နာဂအများစုရှိတဲ့ နယ်မြေတွေလည်း မပါဘူး။ သူတို့ သတ်မှတ်တဲ့နေရာတွေက နာဂ တိုင်းရင်းသားတွေရဲ့ သြဇာသက်ရောက်မှု ဘာမှမရှိတဲ့နေရာတွေ။ ဒီကိစ္စမှာလည်း နာဂတိုင်းရင်းသား ခေါင်းဆောင်တွေက ဘာမှ မသိကြရဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတယ်လို့ ပြောပေမယ့် တကယ်တမ်းကျရင် ဘာမှ ထူးခြားမှုမရှိနိုင်ဘူး" ဟု ဦးစောဆက ပြောသည်။
စစ်အစိုးရက နာဂ အပါအ၀င်၊ ၀၊ ကိုးကန့်၊ ပအို့ဝ်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ များနှင့် ရုံးစိုက်ရာမြို့များ သတ်မှတ်ခြင်းကို သြဂုတ် ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ သတ်မှတ်ပေးခြင်းသည် တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ တောင်းဆိုခဲ့ကြသည်ကို စစ်အစိုးရအနေဖြင့် လိုက်လျောသည်ဟု ထင်မှတ်စရာ ရှိသော်လည်း လက်တွေ့တွင်မူ အပေါ်ယံ ဟန်ပြမျှသာ ဖြစ်သည်ဟု ဦးစောဆ က ဆိုသည်။
သူက "သူတို့ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာက စစ်အစိုးရရဲ့ ဗဟိုအဖွဲ့ကနေ လူတွေရွေးပြီး အုပ်ချုပ်ဖို့ ခန့်ထားတာ။ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုခဲ့ကြတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို လုပ်ပေးလိုက်တာ မဟုတ်ဘူး။ ကိုယ့်တိုင်းရင်းသား ထဲက သဘောတူညီမှုနဲ့ ရွေးထားတဲ့သူ တယောက်မှ မပါဘူး။ နောက် နာဂ နယ်မြေက သမိုင်းဝင် နယ်နိမိတ် ရှိပြီးသား။ ဒီမြို့နယ် ၃ ခုတည်း ရှိတာ မဟုတ်ဘူး" ဟု ပြောသည်။
နာဂတိုင်းရင်းသား အများစုနေထိုင်ကြသည့် ဒေသများမှာ စစ်ကိုင်းတိုင်း မြောက်ပိုင်းရှိ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ ခန္တီး၊ နန်းယွန်းနှင့် တနိုင်းမြို့နယ်တို့ ဖြစ်သည်။
နာဂတောင်တန်းဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးလျှက်ရှိရာ အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ပညာသင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် ရွှေ့ပြောင်းနေထိုင်ကြသော နာဂ တိုင်းရင်းသားများလည်း ရှိနေသည်။
ထိုသို့ ရောက်ရှိနေသော နာဂ များကို မြန်မာအာဏာပိုင်များက လာမည့်ရွေးကောက်ပွဲတွင် ပြန်လာ၍ မဲပေးရမည်ဟု ဖိအားပေး ပြောဆိုခြင်းများ ပြုနေကြောင်း သိရသည်။
လေရှီးဒေသမှ အိန္ဒိယသို့ ပညာသင်လာသည့် နာဂအမျိုးသားတဦးက "အိမ်ကိုလာပြီး ကျနော့်ကို ပြန်လာမဲပေးရမယ်ဆိုပြီး အမေ့ကို ပြောတယ်တဲ့။ မပြန်ရင် အိမ်ကို လယ်ကိုသိမ်းမယ်ပြောတယ်။ ကျနော်က ဒီမှာ ကျောင်းတက်နေတာဆိုတော့ ဘယ်လိုပြန်ရမလဲနော်။ မပြန်ရင်လည်း အိမ်၊ လယ် သိမ်းမှာစိုးတာပေါ့။ မဲကတော့ မပေးချင်ပါဘူး။ ကျနော်တို့အတွက် ဘာမှ အကျိုးမရှိဘူးလေ" ဟု ပြောပြသည်။
ထိုသို့ ခြိမ်းခြောက်ခေါ်ယူမှုများကြောင့် နေရပ်သို့ ခေတ္တ ပြန်လိုသူ နာဂတိုင်းရင်းသားများလည်း ရှိနေပြီး ခြိမ်းခြောက်မှုများမှာ ရွေးကောက်ပွဲကာလအတွင်း ယာယီသာဖြစ်၍ တစုံတရာ အကျိုးသက်ရောက်မှု မရှိနိုင်ဟု ထင်မြင်သုံးသပ် သူများလည်း ရှိကြောင်း သူက ဆိုသည်။
စစ်အစိုးရက လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ်ရန် တရားဝင်ကြေညာထားသည်။
ဦးစောဆ က "စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်သူရဲ့ဆန္ဒလည်း ဘာမှမပါဘူး။ ပြည်သူတွေကို အမှန်တကယ် ကိုယ်စားပြုတဲ့သူတွေလည်း မပါဘူး။ တဖက်သတ်ကျတဲ့အပြင် စစ်အစိုးရက ပြည်သူတွေကို ခြိမ်းခြောက်တာတွေလုပ်ပြီး သူ့ရဲ့ ကြံ့ဖွံ့ပါတီကိုပဲ အနိုင်ရအောင် လုပ်ထားတာဖြစ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆန့်ကျင်တာကို ကျနော်တို့က ထောက်ခံတယ်။ ပြည်သူအားလုံးကလည်း ၀ိုင်းဆန့်ကျင်ကြဖို့ လိုတယ်" ဟု ပြောသည်။
Friday, April 16, 2010
ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် မိတ်ဆွေများသို့ ဖိတ်ကြားလွှာ
သို့
ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် မိတ်ဆွေများ
မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှု (War Crime) နှင့် လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crime against Humanity) များကို “ပြည်သူ့ခုံရုံး”မှ ကြားနာစစ်ဆေးမည့် အစီအစဉ်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ပြီးခဲ့သော ၄-၄-၂ဝ၁ဝ နေ့က ကျင်းပရာ ဆွေးနွေးပွဲ တက်ရောက်လာသူတို့က လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းရေးကို သဘောတူ ဆုံးဖြတ်ခဲ့ကြ ပါသည်။ သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရှိ ဒီမိုကရေစီလိုလားသော မြန်မာအသိုင်းအဝိုင်းမှ တက်ကြွလှုပ်ရှားသူများအနေဖြင့် ကော်မတီ ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
နေ့ရက် - ၁၈-၄-၂ဝ၁ဝ (တနင်္ဂနွေနေ့)
အချိန် - ညနေ ၆ နာရီမှ ည ၉ နာရီထိ
နေရာ - Minami Otsuka Hall, Otuska, Tokyo, Japan
ဆက်သွယ်ရန် -
ဒေါ်ချိုချိုအေး - ဝ၈ဝ-၆၇၈၇-ဝ၉၅၉
မနီလာဦး - ဝ၃-၃၉၁၆-၇၂၇၃
မခင်ချိုသင်း - ဝ၈ဝ-၆၇၁၄-၂၇၁၂
Thursday, April 15, 2010
မြန်မာစစ်အစိုးရ၏ မတရားသည့်ရွေးကောက်ပွဲ ဥပဒေနှင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအား ချီတက်ကန့်ကွတ် ဆန္ဒပြပွဲ
ရွေးကောက်ပွဲ ဥပဒေနှင့် ရွေးကောက်ပွဲအား သွေးစည်း ညီညွတ်စွာဖြင့်
ပူးပေါင်းချီတက် ကန့်ကွက်ဆန္ဒပြကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ချီတက်မည့်အစီအစဉ်
နေ့ရက် ။ ။ ၂၂ . ၄ . ၂၀၁၀ ( ကြာသပတေးနေ့ )
အချိန် ။ ။ နေ့လည် ၂ နာရီ တိတိတွင် စု၍ ၃ နာရီ တိတိ တွင်ထွက်ခွာမည်။
နေရာ ။ ။ MINAMI GOTANDA ပန်းခြံ
ချီတက်ဆန္ဒပြပွဲ ဖိတ်ကြားလွှာ